ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်လှစ်သင်ကြားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်လှစ်သင်ကြားပေး

 



MNP - ဇွန်   ၂၅


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါရုံးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ် ဦးစီးမှူး ဦးတင်ကိုဝင်းက ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့‌ပြီး ဝန်ဆောင်မှုပေးနေသည့်ဌာနဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး (Public Relations)သည် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်၍ သိရှိနားလည်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပါယ်၊ သဘောသဘာဝများ၊ ပြည်သူ့ဆက်ဆံရေးတွင်သတိပြုရမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ၊ ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် လိုက်နာသင့်သည့်အချက်များစသည့် ပြည်သူ့ဆက်ဆံရေးနှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။


အဆိုပါသင်တန်းသို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးကံညွန့်နှင့်အရာထမ်း၊ အမှုထမ်း၂၃ ဦးတက်ရောက်ကြပြီး ဇွန် (၂၀)မှ ( ၂၄)အထိ ၅ ရက် ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)