မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) တက်ရောက်



MNP -ဇွန်   ၉


မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/ ၂၀၂၂) ကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။


အစည်းအ‌ဝေးသို့ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကိုဗစ် - ၁၉ ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့် အညီ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ကာ၊ ကမ္ဘာလှည့်ဗီဇာ (e-Visa) များ ဆောင်ရွက်ပေးခြင်းကြောင့် နိုင်ငံတကာခရီးသွား ဧည့်သည်များဝင်ရောက် လာမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသများရှိသည့်အပြင် စိတ်ဝင်စားဖွယ် ရှေးဟောင်းဿသနိက အဆောက်အအုံများ၊ သာယာလှပသည့် ကမ်းခြေများ၊ ထင်ရှားသည့် ဘုရားစေတီများနှင့် ဘုရားပွဲတော်များ ရှိသည့်အတွက် ခရီးသွားလုပ်ငန်း တိုးတက်လာစေရန် စည်းစနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဟိုတယ်များတွင် ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ တည်းခိုနိုင်ရန် စီမံထားရန်လိုအပ်ကြောင်း၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်လာသည့်နှင့်အမျှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက် လာမည်ဖြစ်၍ ဆက်စပ်ဌာနများမှ အလေးထား ဆောင်ရွက်ရန် ပြောကြားသည်။


ထို့နောက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း ဟိုတယ် လုပ်ငန်းလိုင်စင် သက်တမ်းတိုး တင်ပြလျှောက်ထားမှုများ၊ ဟိုတယ်လုပ်ငန်းလိုင်စင် ခွင့်ပြု နိုင်ရန် တင်ပြချက်များနှင့်စပ်လျဉ်း၍ စိစစ်တွေ့ရှိချက်များ၊ သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ၊ ကော်မတီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးခဲ့ကြသည်။


အဆိုပါ တင်ပြဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)