ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်း သင်ကြားနေမှုအား ကြည့်ရူ့အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်း သင်ကြားနေမှုအား ကြည့်ရူ့အားပေး

 


MNP - ဇွန်   ၉


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ ဇလွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆရာအတတ်ပညာသင်တန်း မူလတန်းဆင့်လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို အ.ထ.က(၁) ဇလွန်အမျိုးသားကျောင်းဆောင်တွင် သင်ကြားနေမှုအား ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကြည့်ရူ့အားပေးခဲ့ကြသည်။


ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဆရာအတတ်ပညာသင်တန်း မူလတန်းဆင့်လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း တက်ရောက်နေသူများအား မူလတန်းဆင့် ပညာရေးသည် အရေးကြီးကြောင်း၊ ကလေးငယ်များကို လိမ္မာယဉ်ကျေးသောကလေးငယ်များ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတက်သော ကလေးငယ်များဖြစ်အောင် ကြိုးစားသင်ကြားပေးစေလိုကြောင်း၊ မကြာခင်အချိန်အတွင်း နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာတော့မည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေများနှင့်အညီ ပြုမူနေထိုင်လိုက်နာပြီး ကလေးငယ်များကို နိုင်ငံတော်ကို ချစ်မြတ်နိုးတက်အောင် သင်ကြားပြသပေးစေလိုကြောင်း အားပေးစကားပြောကြားခဲ့သည်။ ဇလွန်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းတွင် ကျား (၃) ဦး၊ မ (၄၇) ဦး စုစုပေါင်း (၅၀) ဦးတက်ရောက် သင်ကြားနေကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)