နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 





MNP -  ဇွန်   ၉


နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က မြေယာများကို အကျိုးရှိရှိအသုံးချနိုင်ရန်နှင့် စိုက်ပျိုးမြေများပေါ်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးစွမ်းအား တိုးတက်လာစေဖို့ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများနှင့် သွင်းအားစုပစ္စည်းများအား အသုံးပြုနိုင်ရေး ဘက်စုံကဏ္ဍစုံမှအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် မြေယာမူဝါဒများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံဖို့အတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရေး ဆောင်ရွက်ရသလိုစားနပ်ရိက္ခာနှင့် အဟာရပြည့်ဝပြီး လူနေမှုအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများတွင် လယ်ယာမြေကို ထိရောက်စွာအသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုရန်အတွက် လယ်ယာမြေဥပဒေနှင့်အညီ လျှောက်ထားလာသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးနိုင်သည့် ဧရိယာများအပါအဝင် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ထားသည့်ဧရိယာများ မလျော့ပါးစေရေးတို့ကို အလေးထားစိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ရရှိရန် လျှောက်ထားလာပါက လယ်ယာမြေဥပဒေနှင့်အညီ တောင်သူများအား ခွင့်ပြုထုတ်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပျောက်ဆုံးပါကလည်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ စိစစ်၍ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က လယ်ယာမြေများပေါ်တွင် ပြောင်းလဲအသုံးပြုမည့် အကြောင်းအရာများနှင့်ပတ်သက်သည့် လျှောက်ထားလွှာများနှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဖြည့်စွက်ဆွေးနွေးသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)