ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးထုတ်လုပ်မည့် စီမံကိန်း လုပ်ငန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးထုတ်လုပ်မည့် စီမံကိန်း လုပ်ငန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - ဇွန်  ၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရေးရာသီအတွက် မိုးစပါးကွပ်လပ်မကျန် စိုက်ပျိုးနိုင်ရေး၊ နွေစပါးလျာထားဧကပြည့်မှီရေးနှင့် ပဲမျိုးစုံအပါအဝင် နေကြာနှင့် ဆီထွက်သီးနှံ လျာထားချက်များ  အောင်မြင်စွာစိုက်ပျိုးနိုင်ရေး တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေခယ်သီရိ အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါတာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် ရပ်ကွပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ စိုက်းပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သိန်းထွန်းမှ ဝါးခယ်မမြို့နယ်၌ နယ်မြေ(၁၃)ခုအတွင်းရှိ ကျေးရွာပေါင်း ၁၂၆ ရွာတွင် မိုးစပါး(၂၁၃၂၁၆)ဧကရှိပြီး၊ နွေစပါး (၁၂၈၁၀၆)ဧကနှင့် ဆောင်းသီးနှံပဲမျိုးစုံ (၇၁၂၈၃)ဧက၊ ဆီထွက်သီးနှံ (၁၅၇၂၁)ဧကအား စိုက်ပျိုးရာသီအလိုက် ပြည့်ဝအောင်မြင်စွာ အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရန် စီမံချက်ချမှတ်၍ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိုးစပါးရာသီတွင် စိုက်ဧက ပြည့်မှီစွာ ကျေးရွာအုပ်စုအလိုက် ကွင်းလပ်မကျန်စိုက်ပျိုးနိုင်းရေး၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီတို့အား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး သွင်းအားစုလျော့နည်းရေး ဆောင်ရွက်ထားရှိမှု၊ ပဲမျိုးစုံအပါအဝင် ဆီထွက်သီးနှံများကိုလည်း ရေရရှိမှုအပေါ်မူတည်၍ ဇုန်အလိုက် သတ်မှတ်စိုက်ပျိုးသွားကြရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


သတင်း - ဟိန်းထက်လင်း 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)