ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ


MNP ၊ ဇွန် ၁၈

သရုပ်ပြ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောများ တည်ထောင်ခြင်းစီမံကိန်း(FD-MKCF)နှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်ဖွံ့ဖြိုးစေခြင်း စီမံကိန်း(FD-MLC)များဆိုင်ရာ စီမံကိန်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့က သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က သစ်တောဦးစီးဌာနအနေဖြင့် ပြည်ပအဖွဲ့အစည်းများမှ ပံ့ပိုးသည့် ရန်ပုံငွေများဖြင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်း ၂၂ ခုရှိပြီး သစ်တောဦးစီးဌာနမှ ရန်ပုံငွေတိုက်ရိုက်သုံးစွဲသည့် စီမံကိန်းများမှာ ယနေ့ အစည်းအဝေး ကျင်းပသည့် စီမံကိန်းနှစ်ခုအပါအဝင် ၁၁ ခု ရှိပြီး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သုတေသီများက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်သစ်တောဦးစီးဌာနများနှင့် လက်တွေ့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး လက်ရှိနိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအထောက်အပံ့ဖြင့် သရုပ်ပြ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်းစီမံကိန်း(FD-MKCF)ကို ရှမ်းပြည် နယ်နှင့် နေပြည်တော်တွင်လည်းကောင်း၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးစေခြင်းစီမံကိန်း(FD-MLC)ကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)