တာမွေမြို့နယ်တွင် ဈေးကားဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ လိုက်လံရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ဈေးကားဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ လိုက်လံရောင်းချ

 



MNP - ဇွန်  ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဈေးကားများဖြင့် ( Mobile Market ) ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့ကြသည်။


အဆိုပါ တာမွေမြို့နယ်အတွင်း (Mobile Market) ဖွင့်လှစ်၍ ဆန်၊  ဆီနှင့် စားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ ( Mobile Market ) ဖွင့်လှစ်၍ သက်သာသော ဈေးနှုန်းများဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးရာတွင် ဧည့်မထဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၅၀၀၀/-)နှုန်းဖြင့် ဆန်အိတ် ပေါင်း (၄၀)အိတ်နှင့် ပေါ်ဆန်းမွှေးဆန် (၅)ပြည် တစ်အိတ်ကို ငွေကျပ် (၈၅၀၀/-) နှုန်းဖြင့် ဆန်အိတ်ပေါင်း (၄၅)အိတ်အားလည်းကောင်း၊ စားအုန်းဆီ (၅၀)ကျပ်သား (၁)ဗူးကို ငွေကျပ် (၂၉၀၀/-) နှုန်းဖြင့် ဆီဗူး(၄၀၀)ဗူးကိုလည်းကောင်း၊ ကြက်ဥ(၁၀)လုံပါ တစ်ကတ်လျှင် ငွေကျပ် (၁၇၀၀/-)နှုန်းဖြင့် ကြက်ဥကတ်ပေါင်း (၃၀)ကတ်ကိုလည်းကောင်း ဒေသခံပြည်သူများအား အသီးသီးရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက် လာရောက်ဝယ်ယူလျက် ရှိကြောင်း သိရသည်။


“အခုလို ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးတာဟာ ကျွန်မတို့ ပြည်သူတွေအတွက် အချိန်ကုန်လည်းသက်သာသလို၊ ငွေကြေးကုန်ကျ စရိတ်လည်း သက်သာပါတယ်။ အခုလို လာရောက်ရောင်းချပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)