တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် (၂၅) ကြိမ်မြောက် (ငွေရတု) သက်ကြီးစာ‌ပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ (အကြိုလှုပ်ရှားမှု) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် (၂၅) ကြိမ်မြောက် (ငွေရတု) သက်ကြီးစာ‌ပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ (အကြိုလှုပ်ရှားမှု) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ




MNP - ဇွန်  ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် (၂၅) ကြိမ်မြောက် (ငွေရတု) သက်ကြီးစာ‌ပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ (အကြိုလှုပ်ရှားမှု) ယမင်း (သတ္တဗေဒ) ၏ ဘဝစံချိန်မှတ်သညာ ကဗျာစာလွှာ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင်‌ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာ‌ရေးဆရာ   မောင်မြကျော်၊ မြို့နယ်စာ‌ရေးဆရာအသင်း နာယက ဆရာကြီးဦးအောင်ကြည်ညွန့်နှင့် ရည်ညွှန်း စာကြည့်တိုက်ဥက္ကဋ္ဌ ဆရာမလွင်လွင်ဝေ (မြန်မာစာ) တို့မှ စာ‌ရေးဆရာမ ယမင်း (သတ္တဗေဒ) ၏ဘဝစံချိန် မှတ်သညာကဗျာစာလွှာ စာအုပ်ပါအကြောင်း အရာအချို့နှင့်ဆရာမ၏ လေ့လာမှတ်သား ဖော်ပြထားရှိမှုတို့ကို အဖွင့်မုဒိတာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆရာမယမင်း (သတ္တဗေဒ) မှ တောင်ဥက္ကလာပ မြို့နယ် ရည်ညွှန်းစာကြည့်တိုက်၊‌ တောင်ဥက္ကလာပမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ရုံးစာကြည့်တိုက်နှင့် ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ ရေးဦးစီးဌာနရုံးစာကြည့်တို့အတွက် ကဗျာစာအုပ်များလှူဒါန်းခဲ့ပြီး ရည်ညွှန်းစာကြည့်တိုက်အတွက် အလှူငွေကျပ် (၅၀၀၀၀) ပေးအပ်လှူဒါန်း‌ကြောင်း သိရသည်။


ထို့နောက် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်လာသော စာ‌ပေဝါသနာရှင် ဧည့်သည်တော်များအား ဆရာမယမင်း (သတ္တဗေဒ) မှ အမှတ်တရ စာအုပ်များလက်ဆောင်ပေးခဲ့ပြီး‌ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ကာ အခမ်းနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ခင်ဆွေနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)