ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား တွေ့ဆုံအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား တွေ့ဆုံအားပေး

 



MNP - ဇွန်  ၂၆


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့၊ မြို့တော်ခန်းမသို့ ရောက်ရှိပြီး ဟင်္သာတမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့် နေမှုများကို လာရောက်ကြည့်ရူအားပေးခဲ့သည်။


အဆိုပါ လေ့ကျင့်နေမူများကို  ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်၊ သဘင်၊ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင်များ ဘာသာရပ်အလိုက် လေ့ကျင့်နေမူများကို လိုက်လံမိတ်ဆက် ရှင်းလင်း တင်ပြကြရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဝါသနာရှင်၊ ပညာရှင် အဆင့်ပြိုင်ပွဲများတွင် ဟင်္သာတခရိုင် ကိုယ်စားပြု၊ တိုင်းကိုယ်စားပြု၍ ဗဟိုအဆင့်တို့ တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားလေ့ကျင့်ဆောင်ရွက်သွားကြရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမူ အမွေကို အနာဂတ်လူငယ်များ သိရှိတန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမူကို ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ လက်ဆင့်ကမ်း လေ့ကျင့်ပျိုးထောင်ပေးရန်” ပြောကြားခဲ့ပြီး ရုပ်သေးအက၊ ဆိုင်းအဖွဲ့လိုက်နှင့် တစ်ဦးချင်း လေ့ကျင့်မှု၊ အဆို၊ အကလေ့ကျင့်နေမူများကို လိုက်လံကြည့်ရှု အားပေးစကားများပြောကြားကာ ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)