အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ စတုတ္ထအကြိမ် ဒဒသမ အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ စတုတ္ထအကြိမ် ဒဒသမ အစည်းအဝေး ကျင်းပ



MNP - ဇွန်   ၉


အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ စတုတ္ထအကြိမ် ဒသမ အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယက‌ ကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးတွင် သဘာပတိအဖြစ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘဒ္ဒန္တစိတြဉာဏ (ကံမဆရာတော်) က ဆောင်ရွက် တော်မူပြီး အခမ်းအနားမှူးအဖြစ်တွဲဖက် အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ (ရွှေဘိုဆရာတော်) က ဆောင်ရွက်သည်။


အစည်းအဝေးကို “ သာသနဿ စ လောကဿ ” အစချီသော ဂါထာကို ၃ ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ (ကံမဆရာတော်)က သြဝါဒကထာ မြွက်ကြားသည်။


ထို့နောက် အဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ်နဝမ အစည်းအဝေးမှတ်တမ်း (ဒုစ၉/၂၀၂၂) ကိုဖတ်ကြား အတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။


အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့တာဝန်ကျ (ဒုတိယအဖွဲ့ခွဲ) ဆရာတော် ၁၅ ပါး တက်ရောက်ကြပြီး သာသနာရေးဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်၊ သာသနာရေးဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊  အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)