လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းခရိုင်ဦးစီးမှူးရုံးဆိုင်းဘုတ် တင်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းခရိုင်ဦးစီးမှူးရုံးဆိုင်းဘုတ် တင်ပွဲအခမ်းအနားကျင်းပ





MNP - ဇွန်   ၉


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းခရိုင်ဦးစီးမှူးရုံးဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးလှမျိုးထွန်းမှ အောင်သပြေပန်းခက်များ၊ အမွှေးနံ့သာရည်များ ဖြန်းပက်ပြီးဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း-  ဝေယံဖြိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)