ရသေ့တောင်မြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်





MNP ၊ ဇွန် ၁၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးယာယီဥက္ကဌနှင့်အဖွဲ့ဝင်များနှင့်အတူ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပြည်သူများစုပေါင်းကာ လမ်းဘေးဝဲယာလမ်းတစ်လျှောက်တွင်ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။ 

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီ ဥက္ကဌ ဦးရာဇာလင်း၊ အဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊  မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပြည်သူများစုစုပေါင်းအင်အား  ၁၀၀ ခန့် က လမ်းမတော်လမ်း မြို့တော်ခန်းမရှေ့လမ်းနှင့် မင်းဘာကြီးလမ်းတစ်လြှောကျ လမ်းဘေးဝဲယာ မြက်ပင် ၊ ပေါင်းပင်၊ ၊ ချုံနွယ်များအား သန့်ရှင်းသာယာ လှပစေရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ် အမှိုက်သရိုက်များကောက် ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့် တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြရာ စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)