ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်သို့ အလှူငွေများ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်သို့ အလှူငွေများ သွားရောက်လှူဒါန်း



MNP - ဇွန်   ၁၁


ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်သို့ သွားရောက်ပြီး အလှူငွေကျပ်သိန်း(၂၀) ကိုလှူဒါန်းကြသည်။


စစ်တွေမြို့ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် မေလ ၂၉ ရက်နေ့က တိုင်းရင်းသား၊ တိုင်းရင်းသူများအား ရှင်သာမဏေ ၁၅၀ နှင့် သီလရှင် ၅၀ ရှင်ပြု၊ သီလရှင်ဝတ်ပွဲကျင်းပခဲ့ရာ ပွဲတော်အတွင်း အသုံးပြုရန်နှင့် ရှင်သာမဏေများနှင့် သီလရှင်များအတွက် ဆွမ်းဝေယဝိစ္စ အဆင်ပြေနိုင်စေရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းခြင်းဖြစ်သည်။


ခေမာမဏ္ဍိုင်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် တိုင်းရင်းသား၊ တိုင်းရင်းသူများအား ရှင်ပြုသီလရှင် ဝတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုအခါ ၂၁ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး စေတနာရှင် အလှူရှင်များကလည်း ထည့်ဝင်လှူဒါန်းလျက်ရှိကြကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)