ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူများအား မျိုးစပါးမျိုးစေ့များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူများအား မျိုးစပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်



MNP - ဇွန်   ၁၁


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၊ စမ်းသပ်ကွက် အထူးဇုန်များတွင် စိုက်ပျိုးမည့် တောင်သူများအား (RS)မိုးစပါး မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လည်ပိုင်းက မြို့နယ်ဦးစီးမှူးရုံး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းက တောင်သူဦးကြီးတို့အနေဖြင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် မျိုးကောင်း မျိုးသန့်များကို ဆက်လက်ထိန်းသိမ်းကာ အကျိုးရှိရှိ စိုက်ပျိုးထားသင့်ကြောင်း ရှင်းလင်းမှာကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က အထွက်နှုန်း ကောင်းမွန်သည့် (RS)မိုးစပါး မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်(RS)မိုးစပါး မျိုးစေ့ထုတ် စံပြကွက်၊ စမ်းသပ်စိုက်ပျိုးမည့် တောင်သူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝင်းနှင့်တာဝန်ရှိသူတို့က ကျေးရွာအုပ်စု ခြောက်ခုမှ တောင်သူ ၂၉ ဦးအတွက် ဆင်းသွယ်လတ်မျိုးစပါးနှင့် ပေါ်ဆန်းရင်မျိုးစပါး ၁၁၅ တင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ ဂဏန်းတောင်ကျေးရွာမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - နီထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)