မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲ ကျင်းပ

 


MNP - ဇွန်  ၂၅


ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြ ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အ.ထ.က(ခွဲ)ညိုပင်၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန့်က အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး Video အား Projector ဖြင့် ပြသသည်။ ဆက်လက်၍ မြန်မာနိုင်ငံမူးယစ် ဆေးဝါးဆန့်ကျင့်ရေးအသင်း(နေပြည်တော်)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စာရေး ဆရာခိုင်မင်း(နေပြည်တော်)က ရှောင်လေဝေးဝေး မူးယစ်ဆေး ခေါင်းစဉ်ဖြင့် ဟောပြောပြီး စာရေးဆရာ သဘာဝက မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဟောပြောဆွေးနွေးသည်။


ထို့နောက် ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသရာ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြပြီး လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)