ဗန်းမော်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်




MNP - ဇွန်  ၂၅


ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်၊ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။  


ရှေးဦးစွာ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးဆက်မှု ဖြစ်ပွားသည့်အချိန်တွင် ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများက မိမိ၏ အသက်အန္တရာယ်ကို ပဓာနမထားဘဲ ရှေ့တန်းကနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုလို ပြည်နယ်အစိုးရအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ပရဟိတစိတ်ဓာတ်အပြည့်နှင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းအမှာစကားပြောကြားပြီး ဗန်းမော်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုကျေးဇူးတင် စကားပြောကြားခဲ့သည်။


ယင်းနောက် ဗန်းမော်မြို့နယ်တွင် ပရဟိတအသင်း(၁၁)သင်းမှ စေတနာ့ဝန်ထမ်း(၂၆၀)ဦး၊ မိုးမောက်မြို့နယ်တွင် ပရဟိတအသင်း(၅)သင်းမှ စေတနာ့ဝန်ထမ်း(၄၆)ဦး၊ မန်စီမြို့နယ်တွင် ပရဟိတအသင်း(၃)သင်းမှ စေတနာ့ဝန်ထမ်း(၇၁)ဦးနှင့် ရွှေကူမြို့နယ်တွင် ပရဟိတအသင်း(၃)သင်းမှ စေတနာ့ဝန်ထမ်း(၅၃)ဦးရှိပြီး ဗန်းမော်ခရိုင်အတွင်းရှိ ပရဟိတအသင်း(၂၂)သင်းမှ စေတနာ့ဝန်ထမ်းစုစုပေါင်း(၄၃၀)ဦးတို့အတွက် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပရဟိတအဖွဲ့ဝင်များကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိန်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)