ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး




MNP -  ဇွန်   ၁၉


ပဲခူးတိုင်းဒေသကြီး၊ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တလုပ္ပင်အုပ်စု၊ တလုပ္ပင်ကျေးရွာနှင့်တောင်ဘွေအုပ်စု၊ပဲကြီးအင်းကျေးရွာတို့တွင် ကြည့်ရှုခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်တလုပ္ပင်အုပ်စု၊ တလုပ္ပင်ကျေးရွာရှိ မြစ်ကမ်းပါးထိန်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ဘွေအုပ်စု၊ ပဲကြီးအင်းကျေးရွာရှိ မိုးနေကြာ(၂၄)ဧက စိုက်ခင်းနှင့်ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာရှိ မိုးနှမ်း (၉)ဧက စိုက်ခင်း၊မိုးမြေပဲ(၁)ဧက စိုက်ကွက်များကို သွားရောက်၍ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)