ပင်းတယမြို့နယ်၌ မြေသားလမ်းမှကတ္တရာလမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ မြေသားလမ်းမှကတ္တရာလမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး




MNP - ဇွန်   ၁၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်စည်ပင်သာယာရေး ဌာနမှ  ၂၀၂၂-၂၀၂၃ ဘဏ္ဌာရေးနှစ်၊ ပထမသုံးလပတ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်မြို့တွင်းလမ်းများ မြေသားလမ်းမှကတ္တရာလမ်းခင်းခြင်းအား မေလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခု ဇွန်လ ဆန်းပိုင်းတွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည်။


ပင်းတယမြို့သည် တောင်ပေါ်ဒေသ၊ အေးချမ်းသာယာပြီးလှပသည့်မြို့ ဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များလာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့် ညီစေရန် မြို့တွင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ အဆင်ပြေချောမွေ့စေရေး၊ အဆင့်


မြှင့်တင်ရေးပင်းတယမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိဝန်ထမ်းများက အချိန်နှင့် တပြေးညီဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဌာရေးနှစ်၊ ပထမသုံးလပတ်၊ ငွေလုံးငွေရင်း ရန်ပုံငွေမှ မြို့တွင်းလမ်းများဖြစ်သည့် ရွာသစ်ရပ်ကွက်၊ စေတီကြီးလမ်း အရှည်ပေ ၅၅၁ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မ အားလည်းကောင်း၊ အော်ယောရပ်ကွက်၊ အော်ယော ၃ လမ်း အရှည်ပေ ၆၅၀ ပေ၊ လမ်းအကျယ် ၁၀ ပေ၊ ထု ၉လက်မအားလည်းကောင်း၊ မြို့တွင်းလမ်းနှစ်လမ်းပေါင်း ကျပ်ငွေ သိန်းပေါင်း ၁၈၀ ဝန်းကျင်ဖြင့် မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးခဲ့သည်။ ကတ္တရာလမ်း ခင်းခြင်း ဆောင်ရွက်ရာတွင်ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၏ လမ်းညွှန်မှု၊ အငယ်တန်း အင်ဂျင်နီယာ (၂) ဒေါ်မေမြတ်သူ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မေလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဇွန်လဆန်းပိုင်းတွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)