ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက်တွင် အာစရိယဂုဏပူဇော်ပွဲသဘင် ကျင်းပ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက်တွင် အာစရိယဂုဏပူဇော်ပွဲသဘင် ကျင်းပ ပြုလုပ်




MNP - ဇွန်   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက အမှတ် (၁၁) ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်းရှိ ပဉ္စနိကာယသာသနာ့ ဗိမာန်ကျောင်းတိုက်တွင် ပဓာနနာယကဆရာတော်၊ မဟာနာယက ဆရာတော်တို့အား တပည့်ဟောင်း၊ တပည့်သစ်၊ ရဟန်းသံဃာတော်နှင့် သီလရှင်တို့မှ ဆရာတော်တို့၏ ဂုဏ်ကို ကျေးဇူးဆပ်ပူဇော်သောအားဖြင့် အာစရိယဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို အပူဇော်ခံ ဆရာတော်သံဃာတော်များနှင့် လူပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံကျော်တေးသံရှင် မေသက်ထားဆွေက ထူးမခြားနားရောင်တော်ဖွင့် သီချင်းဖြင့် သီဆိုပူဇော်ကာ အာစရိယဂုဏသဘင် ကျင်းပရခြင်း၏ အကြောင်းကို အာစရိယဂုဏသဘင်ကျင်းပရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ရွှေဟင်္သာဆရာတော် ဘဒ္ဒန္တသံဝရက လျှောက်ထားကာ ပဉ္စနိကာယတပည့်များနှင့် ဧည့်ပရိ သတ်အပေါင်းတို့က အပူဇော်ခံဆရာတော်များအား သြကာသကန်တော့ကျိုးဖြင့် စုပေါင်းကန်တော့ကြပြီး လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် အပူဇော်ခံဆရာတော်များထံမှ သြဝါဒခံယူကာ အာစရိယဂုဏ ပူဇော်ပွဲသဘင်ကို နှစ်စဉ်နှစ်တိုင်း ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကာ ကျင်းပပြုလုပ်ကြရန် တိုက်တွန်းခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)