MNP - ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူများက မိုးဦး မိုးရွာသွန်းသဖြင့် မိုးရာသီသီးနှံများကို ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရ သည်။
ထိုသို့စိုက်ပျိုးနေမှု အခြေအနေများအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအေးနိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးတင်လှနှင့် တာဝန်ရှိသူများမှ မြေပြင်စိုက်ပျိုး ဖြစ်ထွန်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်ရှိ ဒေသခံတောင်သူများ အနေဖြင့် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့် သီးနှံများကို အဓိကအားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
သတင်း - နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment