MNP - ဇွန် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဆည်မြောင်းဦးစီးဌာနနှင့် တောင်သူတို့ ပူးပေါင်း၍ လယ်ရေပေးမြောင်းအတွင်းရှိ ခြုံနွယ်များ၊ နှုန်းများနှင့် မြောင်းဘေး မြေသားပြိုကြသော မြေများတူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့က မိုင်းလုံမြို့ အထက်ဆည်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ ဆည်မြောင်းဦးစီးဌာနမှ မြောင်းဖော်ရာတွင် မြေကော်စက်ဖြင့် ပူးပေါင်းပါဝင်ကူညီပေးပြီး တောင်သူများက မြောင်းဘေးနံရံမြေသားထိန်းရန် သစ်လုံးများခုတ်ခြင်း၊ သစ်လုံးများကိုဖြတ်ပြီး မြေထိန်းပြုလုပ်ခြင်း၊ မြောင်းအတွင်းရှိ နှုန်းမြေ များကို တူးဖော်ခြင်းနှင့် ခြုံများရှင်းလင်းခြင်းစသည့်လုပ်ငန်းများကို တောင်သူ(၃၅)ဦး စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
တောင်သူများက ယခင်နှစ်တွင် လူအင်အားဖြင့်သာ ဆောင်ရွက်ရာအချိန်ကုန်ခြင်း၊ လုပ်သားဦးရေ ပိုမိုများပြားခြင်းစသည့် အခက်အခဲများကို ကြုံတွေခဲ့ရသဖြင့် ယခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ မြေကော်စက်ဖြင့် ပူးပေါင်းပါဝင်ကူညီပေးသောကြောင့် အထူးပင် ကျေးဇူးတင်ကြောင်းကို တောင်သူများထံမှ ကြားသိရသည်။
သတင်း - ဇော်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment