စဉ့်ကူးမြို့ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ







MNP ၊ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း မြို့ဝင်မြို့ထွက် စိမ်းလန်းစိုပြေသာယာလှပစေရေး အတွက် မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီမှစ၍ စဉ့်ကူးမြို့အဝင် စဉ့်ကူး-လက်ပံလှ ကားလမ်းဘေးဝဲယာတလျောက်နှင့် မန္တလေး-မိုးကုတ် ကားလမ်းဘေးဝဲယာ မိုင်တိုင်အမှတ် ၃၅/၅ မှ ၄၅/ ၆ အထိ တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။


သစ်ပင်စိုက်ပျိုးပွဲတွင် နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းဝင်းထွန်း တို့က သစ်ပင်စိုက်ပျိုးပေးကြမည့် တက်ရောက်လာကြသူများထံသို့ ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ကံ့ကော်၊ စိန်ပန်းနှင့် ခရေပင် စသည့်အရိပ်ရပင်စုစုပေါင်း (၄၅၀)တို့အား ပေးအပ်ခဲ့ရာ တက်ရောက်လာကြသူများကလက်ခံရယူပြီး တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။ 


အဆိုပါ မိုးရာသီ လူထု လှုပ်ရှားမှု အဖြစ် ကျင်းပသည့်သစ်ပင်စိုက်ပျိုးပွဲသို့ နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျော့ကျနိုင်စေရန်၊ ဂေဟစနစ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်၊ မြို့ဝင်မြို့ထွက်စိမ်းလန်းစိုပြည်သာယာလှပစေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်သည်။


စဉ့်ကူးမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၄၀ဝဝဝ ပျိုးထောင်ထားရှိပြီး စိုက်ပျိုးလိုသူ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း စဉ့်ကူးမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)