မြေပုံမြို့ ၌ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့ ၌ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်



MNP ၊ ဇွန် ၁၈           

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို နံနက်(၈)နာရီအချိန်က မြို့ပတ်လမ်းအနီး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခိုင်လင်းနိုင်နှင့်အဖွဲ့ ဝင်များကကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊အမျိုးသမီးရေးရာအဖွဲ့၊NGO အဖွဲ့အစည်းများနှင့်မြို့‌ပေါ်ရပ်ကွက်ရှိ လူမှုရေးအ သင်းအဖွဲ့တို့ပူးပေါင်း၍ မြို့ပတ်လမ်းအနီးရှိ ခြုံနွယ် ၊ မြက်များအားခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်များကောက်ခြင်းနှင့် တံမြက်စည်းလှဲခြင်းစသည်တို့ကိုပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြေပုံမြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် (စနေ)နေ့တိုင်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။


သတင်း - တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)