ကျွန်းစုမြို့တွင် ဒေသခံတောင်သူများအား ဝင်ငွေတိုးပွားစေရန် အမယ်သစ်သီးနှံပင်များအားပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် ဒေသခံတောင်သူများအား ဝင်ငွေတိုးပွားစေရန် အမယ်သစ်သီးနှံပင်များအားပေးအပ်

 


MNP - ဇွန်   ၁၈


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင်ဒေသခံတောင်သူများအား စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန်အတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီမှူးရုံး၌ အမယ်သစ်သီးနှံပင်များ ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပေးအပ်ပွဲတွင် မြိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ပျိုးပင်ထောက်ပံ့မှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခံတောင်သူများအား လိမ္မော်ပင် (၂၀၀)၊ မက္ကာဒေးမီးယား(၁၀၀)ပင်၊ ထောပတ် (၇၀)ပင်၊ စုစုပေါင်း (၃၇၀) ပင်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။


အမယ်သစ်သီးနှံပင်များ စိုက်ပျိုးထားခြင်းမရှိဘဲ စမ်းသပ်စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပါက တောင်သူများစီးပွားဖြစ် တိုးချဲ့လုပ်ကိုင်နိုင်ပြီး ဝင်ငွေများ တိုးပွားလာနိုင်ကြောင်း၊ ဒေသရာသီဉတုနှင့်ကိုက်ညီမှုရှိပြီး အမယ်သစ်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် တောင်သူများ အလုပ်အကိုင်ရရှိပြီး ဝင်ငွေတိုးလာစေရန်နှင့် နိုင်ငံခြားဝင်ငွေများရရှိလာစေရန် ရည်ရွယ်၍ ၎င်းအပင်များအား ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)