မကွေးခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် နတ်မောက်မြို့နယ်မှ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် နတ်မောက်မြို့နယ်မှ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်



MNP - ဇွန်   ၂၈


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် နတ်မောက်မြို့နယ်မှ ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က နတ်မောက်မြို့နယ်အတွင်း ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဝင်သူများအား အစမှအဆုံးအထိ တာဝန်ယူသည့် ကော်မတီဖွဲ့စည်းထားရှိမှု အကြောင်းအရာများနှင့်လုပ်ငန်းများ ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်သွားကြရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအဆင့်ကဗျာလွတ်ယိမ်းအက (၁၆)ဦး၊ အဆို(၁)ဦး၊ အရေး(၁)ဦးနှင့် အတီး(၁)ဦးတို့အတွက် လုပ်ငန်းများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများကလည်း လိုအပ်သည့်လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းဆောင်ရွက်သွားကြမည့် အကြောင်းအရာများကို ပြောကြားခဲ့ကြကြောင်း သိရသည်။


သတင်း - လှဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)