အထက (ကန်သာယာ)ကျောင်း၌ ပေါက်ကွဲစေတတ်သောမိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အထက (ကန်သာယာ)ကျောင်း၌ ပေါက်ကွဲစေတတ်သောမိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော




MNP  ဇွန် ၂၈

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး  ဟောပြောပွဲ ကို ယနေ့နံနက် ၁၀နာရီက အထက(ကန်သာယာ)ကျောင်း ၊မဟော်သဓာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်း က ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့်ပတ်သက်၍ လည်းကောင်း၊၊ မြို့ နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးမျိုးလွင်က  မူးယစ်ဆေးဝါးအန္တရာယ်  တားဆီးကာကွယ် ရေး ဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ယင်း နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းတင်မွန် က ကျေးဇူးတင်စကား ပြန် လည်ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့  မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်း  ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးလွင် ၊ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးမင်းတင်မွန်နှင့်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှကျောင်း အုပ်ကြီးများ၊အထက (ကန်သာယာ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)