ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

 


MNP - ဇွန်   ၂၈


ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားကွင်းတွင်ကျင်းပရာ အားကစားသမားများနေရာယူပြီး အဖွဲ့ခေါင်းဆောင်မှ အားကစားသစ္စာဓိဌာန်ရွက်ဆိုပြီး၊ ပါမောက္ခချုပ်အား အလေးပြုခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပါမောက္ခချုပ်ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကားပြောကြားရာ ကျောင်းသားမောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေပျော်၍ စာတော်သော လူငယ်လေးများဖြစ်အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့် အလေ့အထကောင်းရရှိစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုများရရှိကာ ချစ်ခင်ရင်းနှီးလာမှာဖြစ်ကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာဖြစ်ကြောင်း၊ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များပေါ်ထွက်စေရန် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲများကိုလည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားခဲ့သည်။


ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းက ဖူဆယ်ဘောလုံးများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ဖွင့်ပွဲတွင် အမျိုးသားကျောင်းဆရာအသင်းနှင့် ဝန်ထမ်းအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြရာ ပါမောက္ခချုပ်နှင့်ဒုပါမောက္ခချုပ်၊ ဌာနမှူး(ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)