MNP ၊ ဇွန် ၂၈
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့်သရုပ်ပြအခမ်းအနားကိုမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၈နာရီအချိန်က ဘူးသီးတောင်မြို့ဂန္တာရီပရဟိတကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းဝင်းနိုင်က သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါကမီးသတ်တပ်ဖွဲ့ဝင်များကူညီဆောင်ရွက်နေမှုအခြေအနေများ၊ မုန်တိုင်အန္တရာယ် ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှသတိ ပေးထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန်များ ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအားပြောကြားခဲ့ပြီ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသက်ကယ် Life Jacket ဝတ်ဆင်အသုံးပြုတတ်စေရေးနည်းများ၊သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာပါကအလျင်အမြန်တုံ့ပြန်နိုင်ရေး နှင့် အခြားသောဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးချည် နည်းစနစ်များ ၊လူနာသယ်နည်းစနစ်များ၊ အသက်ကယ်ဝတ်စုံဝတ်ဆင်နည်းများနှင့်ရှေးဦးသူနာပြုစုနည်းများစသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့လုပ် ဆောင်စေခြင်းများဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးငြိမ်းထွန်းက လေဘေး၊ မုန်တိုင်းဘေး ၊ရေကြီးမှု ၊မိုးကြိုးအန္တရာယ်များ စသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာယ်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှထုတ်ဝေသည့်ဘေး( ၈)မျိုးပါဝင်သောလက်ကမ်းစာစောင်( ၁၀၀)တို့ကို ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန မှမြို့နယ်ဦးစီးမှူးဦးငြိမ်းထွန်း နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူးဦးကျော်မြင့်ဝေနှင့်တပ်ဖွဲ့ဝင်များ၊ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment