မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီးစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီးစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 





MNP - ဇွန်  ၂၈


မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နှစ်သိမ့်ဆုရရှိသော သတ္တဗေဒအသင်းမှ မနန်းယုထွေးအား ဒေါက်တာအေးအေးမြင့်၊ ပါမောက္ခ(ဌာနမှူး)၊ ဥပဒေပညာဌာနကလည်း ကောင်း၊ နှစ်သိမ့်ဆုရရှိသော အရှေ့တိုင်းပညာဌာနအသင်းမှ မောင်ကျော်ဇေယျမင်းအား ဒေါက်တာ ဉာဏ်ဝင်း၊ ပါမောက္ခ(ဌာနမှူး) ဘူမိဗေဒဌာနကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိ အရှေ့တိုင်းပညာဌာနအသင်းမှ မောင်တိုးသီဟအောင်အား ဒေါက်တာ ခင်သိန်းဦး၊ပါမောက္ခ(ဌာနမှူး) ၊ ပထဝီဝင်ဌာန ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော ရူပဗေဒအသင်းမှ မောင်နေဖြိုးအောင်အား ဒေါက်တာ သီတာမြင့်၊ ပါမောက္ခ(ဌာနမှူး)၊ ရုက္ခဗေဒဌာနကလည်းကောင်း၊  တတိယဆုရရှိသောသင်္ချာ အသင်းမှ မောင်ချမ်းငြိမ်းထွန်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်နှင်းအိကလည်းကောင်း၊ ဒုတိယဆု ရရှိသော သင်္ချာအသင်းမှ မောင်မိုးကျော်အား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းမင်းသိန်းက လည်းကောင်း၊ ပထမဆုရရှိသော ရုက္ခဗဒအသင်းမှ မောင်ဘုန်းမင်းသန့်အား ပါမောက္ခချုပ် ဒေါက်တာဘဟန် ကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်သည်။


အဆိုပါ စစ်တုရင်ပြိုင်ပွဲအား ကျောင်းသား ကျောင်းသူများအား ပညာရေးသာမက အတွေးအခေါ်ရင့်သန်စေရန်၊ ဉာဏ်ပညာထက်မြက်စေရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအား ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ကာ ဘာသာရပ်ပေါင်းစုံမှ အသင်း ၁ဝ သင်း၊ ပြိုင်ပွဲဝင် ၃၄ ဦးပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)