ဒီကနေ့ အကုသိုလ်ဝင်တဲ့နေ့။ မနက်စောစော သတင်းစာတွေ တင်မယ်လို့ လိုင်းဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ ခွေးသူတောင်းစား သူယုတ်မာ PDF အကြမ်းဖက်သမား တွေက အမျိုးသမီးသမီးတစ်ဦးကို ရက်ရက်စက်စက် သတ်လိုက်တဲ့ ရုပ်သံကို လူမှုကွန်ရက်ပေါ်တင်ထားတာ တွေ့လိုက်ရတယ်။ ရုပ်သံဖိုင်ကို အဆုံးထိအောင် မကြည့်နိုင်ဘဲ ခံပြင်းဒေါသဖြစ်ရတယ်။ ဘယ်လောက်အထိ ရက်စက်ယုတ်မာပက်စက်သလဲ ဆိုတာကို ပြောဖို့ စကားလုံးတောင် ရှာမရဖြစ်ခဲ့ပါတယ်။
နေ့လည်လောက်မှ ကိုယ့်လူတစ်ယောက်က သတင်းရေးတင်ပေးထားတယ်။ ဒါကို ပြန်ကြည့်မိလိုက်တိုင်း ခံပြင်းစရာ ကောင်းလွန်းတဲ့ လုပ်ရပ်ကွာလို့ တောက်တခတ်ခတ် ဖြစ်မိတယ်။ ခွေးသူတောင်းစား PDF တွေ မှာ လူစိတ်မရှိကြတော့ဘူး။ ဒီခွေးနွားတွေမှာ ဆင်ခြင်တုံတရားမရှိတော့ဘူး။ ဒေါသဗလောင်ဆူခဲ့တယ်။ ဒီရုပ်သံကိုပဲ messenger က လာပို့တဲ့သူနဲ့ ဓာတ်ပုံတွေ ပြန်တင်ကြနဲ့။ ကိုယ်လိုပဲ သူတို့တွေလည်း ခံပြင်းဒေါသဖြစ်နေကြမှာပဲ။
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ရက်ဆက်ယုတ်မာလွန်းတဲ့ IS တွေရဲ့ လုပ်ရပ်တွေကို အများပြည်သူ သိရှိအောင် နိုင်ငံအနှံ့ လှည့်ပြီး ရှင်းလင်း ဟောပြောခဲ့ဖူးတယ်။ IS ဆိုတာ အစ္စလာမ်ဘာသာရေးအစွန်းရောက်တွေ ဖြစ်တယ်။ အခြားသော ဘာသာဝင်တွေကို ဖမ်းဆီးတယ်။ သူတို့ဘာသာထဲ ဝင်မလား အသေခံမလား မေးပြီး လူပုံအလယ်မှာ ကြိုးစင်တင်ပြီး သတ်တယ်။ လူတွေကို သံလှောင်အိမ်ထဲ ထည့်ပြီး ဓာတ်ဆီလောင်း မီးရှို့သတ်တယ်။ သံလှောင်အိမ်ထဲထည့် သော့ပိတ်ပြီး ပင်လယ်ထဲမှာ ရေနှစ်သတ်တယ်။ နိုင်ငံခြားသာ ခရီးသွားတွေကို ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်တဲ့ ရုပ်သံတွေကို Youtube, twitter တို့ကနေ တစ်ကမ္ဘာလုံးကို ဖြန့်ချိခဲ့တယ်။
IS ရဲ့ ယုတ်မာဆိုးသွမ်းမှုမှတ်တမ်းတွေကို ဗီနိုင်းပိုစတာတွေ ထုတ်ပြီး အများပြည်သူကို အချက်အလက်နဲ့တကွ ရှင်းလင်းဟောပြောပေးခဲ့တယ်။ အကြမ်းဖက်သမားတွေရဲ့ သဘောသဘာဝတွေကို အချက်အလက်ထောက်ပြပြီး ပြောပြပေးတယ်။ မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မှတ်တမ်းတွေကိုလည်း ရှင်းလင်းပြဆိုခဲ့တယ်။ အခု အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက မုံရွာ၊ ဆားလင်းကြီး၊ ချောင်းဦး၊ ပုလဲ၊ မကွေး၊ ပခုက္ကူ၊ ညောင်ဦး အစရှိတဲ့ မြို့တွေမှာလည်း ဟောပြောခဲ့ဖူးတယ်။
အခု အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD အစွန်းရောက် ပြည်ပြေးတွေဟာ နိုင်ငံပေါင်းစုံက အထောက်အပံ့ကိုယူပြီး အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကိုဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေလိုက်တာ ကမ္ဘာမှာ အဆိုးဆုံးအကြမ်းဖက်အဖွဲ့လို့ ပြောလို့ရတဲ့ IS ထက်ပိုပြီး ဆိုးသွမ်းယုတ်မာတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်လာကြပြီ။ ၂၇-၆-၂၀၂၂ ရက်နေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ဟာ မြိုင်မြို့နယ် PDF အကြမ်းဖက်သမား က သတ်လိုက်တာလို့ သတင်းတွေမှာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ လကလည်း ယာထဲမှာ အလုပ် လုပ်နေတဲ့ တောင်သူကို ခင်ဗျားဒလန်လားလို့ မေးပြီး လိုက်ပစ်သတ်ခဲ့ကြတာကို တွေ့ရပါတယ်။ မန္တလေးမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လည်လှီးသတ်ပြီး တာယာကွင်းတွေနဲ့ မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်ကတည်းက NLD အစွန်းရောက်တွေရဲ့ နောက်ကွယ်မှာ ဘာသာခြား အစွန်းရောက် အကြမ်းဖက်သမားတွေ နည်းပေးလမ်းပြ လုပ်နေပြီဆိုတာကို တွက်ဆလို့ ရပါတယ်။
နစကရဲ့ အစိုးရသက်တမ်းတလျှောက် နေ့စဉ်နေ့တိုင်း PDF အကြမ်းဖက်သမားက အပြစ်မဲ့ ပြည်သူကို မသတ်တဲ့ နေ့ရက်ဆိုတာ မရှိခဲ့ပါဘူး။ ပျမ်းမျှတွက်ချက် ကြည့်မယ်ဆိုရင် နေ့စဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားသတ်လို့ သေနေရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (ဆရာ/ဆရာမ၊ ဝန်ထမ်း၊ အုပ်ချုပ်ရေးမှူး) အရေအတွက်ဟာ ပျမ်းမျှနှုန်း (၅)ယောက်နဲ့ အထက် နေ့စဉ်အသတ်ခံနေရပါတယ်။
IS ထက်ပိုပြီး ဆိုးသွမ်းယုတ်မာလာတဲ့ PDF အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို နိုင်ငံတော်တာဝန်ရှိသူများအနေနဲ့ အလေးထားသုံးသပ်ရမယ့် ကာလကို ရောက်ရှိလာပါပြီ။ အကြမ်းဖက်ဘေးဒဏ်ကို လူးလှိမ့်ခံနေကြရတဲ့ ပြည်သူတွေအနေနဲ့လည်း မှန်ကန်စွာ ဆင်ခြင်သုံးသပ်ကြဖို့ လိုပါပြီ။
မြန်မာနိုင်ငံသား အများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ နိုင်ငံရေးမှိုင်းမိပြီး PDF အကြမ်းဖက်အဖွဲ့ထဲ ရောက်သွားတဲ့ PDF အကြမ်းဖက်သမားဆိုတာလည်း မိရိုးဖလာအားဖြင့် ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ပါတယ်။ ဘာသာခြားတွေရဲ့ ငွေကြေးအထောက်အပံ့ရယူပြီး နိုင်ငံရေးဆူပူအကြမ်းဖက်မှုဖြစ်အောင် လုပ်ခဲ့တဲ့ ခေတ်သစ်ကိုလိုနီနယ်ချဲ့တွေရဲ့ လက်ပါးစေ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လှုံ့ဆော်မှု၊ ဘာသာခြားတွေရဲ့ ပူးဝင်သပ်သျှိုသွေးခွဲမှိုင်းတိုက်မှုတွေကြောင့် ရန်ကုန်မြို့ပေါ်မှာ ဝစီပိတ်ဆရာတော်ကြီးရဲ့ ပုံတွေကို ထမီမှာချိတ်စွဲပြီး ဆန္ဒပြခဲ့ရာကစပြီး ဘာသာရေးစော်ကားမှု ပါလာခဲ့ပါတယ်။ နောက်တော့ ပြည်ပြေးခွေးတွေရဲ့ လှုံ့ဆော်မှုတွေမှာ သီတဂူဆရာတော်ကြီးရဲ့ ရုပ်ပုံကို မဖွယ်မရာ ဖန်တီးစော်ကားမှုတွေ ပလူပျံအောင် လုပ်လာခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း PDF အကြမ်းဖက်သမားတွေဟာ သံဃာတော်တွေကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်လာခဲ့ကြပါတယ်။ နိုင်ငံတော်စာရင်းထုတ်ပြန်ချက်များအရ သံဃာတော် အပါး ၄၀ ကျော် အကြမ်းဖက်သမားများရဲ့ လက်ချက်နဲ့ ဆုံးပါးခဲ့ရပါတယ်။
ဒီဖြစ်စဉ် ဖြစ်ရပ်တွေအပေါ်မှာ နိုင်ငံတော်တာဝန်ရှိသူတွေသာမက ပြည်သူအားလုံးက အလေးထားစဉ်းစားရမယ့် အပိုင်းတွေ အများကြီး ရှိလာပါတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD နိုင်ငံရေးသမားတွေကို အဓိက ငွေကြေး၊ လက်နက်ပံ့ပိုးပေးတာက အိုအိုင်စီ၊ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေပဲ ဖြစ်တယ်။ အိုအိုင်စီဆိုတာ အထွေအထူးပြောဖို့ မလိုတဲ့ အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အမေရိကန်နဲ့ အနောက်အုပ်စုဆိုတာက ခရစ်ယာန်တိုင်းပြည်များ ဖြစ်တယ်။ PDF ကို အကြမ်းဖက်သင်တန်းပေးနေတဲ့ KNU, KIA ဆိုတာလည်း ခရစ်ယာန် အဖွဲ့အစည်းတွေ ဖြစ်တယ်။
ကျွန်တော်တို့က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့ နိုင်ငံတော်မူဝါဒအောက်မှာ စကားပြောတာ၊ စာရေးတာက အစ ဆင်ခြင်တိုင်းထွာပြီး ရေးသားပြောဆိုကြတယ်။ သို့ပေသော် ဘာသာခြားတွေကတော့ အပြောမဟုတ် လက်တွေ့ကျကျ ဗုဒ္ဓဘာသာဝင်တွေကို သွေးခွဲ သပ်သျှိုပြီး ဗုဒ္ဓဘာသာဝင်အချင်းချင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်အောင် နိုင်ငံရေးအစွန်ရောက် နွားတွေကို အကြမ်းဖက်သင်တန်းပေးတယ်။ မူးယစ်ဆေးနဲ့ အသိဉာဏ် ဆင်ခြင်တုံတရား ကင်းမဲ့သွားအောင် လုပ်တယ်။ ပြီးတော့ ဗုဒ္ဓဘာသာဝင်အချင်းချင်း ရက်စက်စွာ သတ်ဖြတ်ခိုင်းတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းအထိ KIA က စိမ့်ဝင်ပြီး အကြမ်းဖက်သင်တန်းပေးနေတယ်။ နောက်ကွယ်က လက်မဲကြီး မဟုတ်တော့ဘူး။ မျက်နှာပြောင်တိုက်ပြီးတော့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကို လူမျိုးတုန်း သတ်ဖြတ်နေခြင်းဖြစ်တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ သဘောထားကြီးစွာနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး စကားမကျွံအောင်၊ လက်မလွန်အောင် ထိန်းသိမ်းဆောင်ရွက်နေသည့် တိုင်အောင် တစ်ဖက်ကတော့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ပြိုကွဲပျက်စီးအောင် နည်းလမ်းပေါင်းစုံနဲ့ ဘက်ပေါင်းစုံက လုပ်ဆောင်ခဲ့ကြတယ်။ အခု ဗုဒ္ဓဘာသာဝင် လူငယ်တွေက အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်သမားတွေ ဖြစ်ကုန်ပြီ။
ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ သည်းခံနိုင်စရာ မရှိတဲ့ လုပ်ရပ်တွေကို တာဝန်ရှိသူတွေ ကိုယ်တိုင် တွေ့မြင်ခဲ့ကြရပြီး ဖြစ်သလို ပြည်သူတစ်ရပ်လုံးလည်း မခံမရပ်နိုင်တဲ့ အခြေအနေကို ရောက်လာပါပြီ။ ဒီအခြေအနေက သာမန် နိုင်ငံရေးအစွန်းရောက် စိတ်နဲ့ မိုက်ရူးရဲဆန်ဆန် လုပ်နေတာပါလို့ ပြောလို့ရတဲ့ အခြေအနေ မဟုတ်တော့ပါဘူး။
ကျွန်တော်တို့ တိုင်းပြည်မှာ မဲသူခိုး NLD ခေါင်းဆောင်များရဲ့ လုပ်ကြံဖန်တီး ဝါဒဖြန့် မှိုင်းတိုက်မှုတွေကြောင့် သံဃာတော်တွေလည်း ကွဲတယ်။ မိသားစုလည်း ကွဲတယ်။ မိတ်ဆွေသူငယ်ချင်းလည်း ကွဲတယ်။ မဲသူခိုးတွေကို ဇွတ်မှိတ်ယုံကြည်သူတွေက သံဃာတော်က စပြီး အကြမ်းဖက်အားပေး အလုပ်တွေ လုပ်လာကြတယ်။ ကိုယ့်လူမျိုးအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေကို အားရဝမ်းသာဖြစ်နေကြတယ်။ အခုအချိန်အထိ ပြည်ပရောက် နွေးဦးဆရာတော်လို့ အမည်ခံထားတဲ့ ကိုယ်တော်တစ်ပါးဆိုရင် သူကိုယ်တိုင် လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဖို့ လှုံ့ဆော်ခဲ့တဲ့ မှတ်တမ်းတွေ ရှိတယ်။
ဗုဒ္ဓဘာသာဝင်တွေ စိတ်ဝမ်းကွဲကုန်ကြတာကို အခွင့်ကောင်းယူပြီး ဘာသာခြားတွေက ဘာသာရေးအမြတ်ထုတ်မှုတွေ လုပ်လာကြတယ်။ လက်နက်တပ်ဆင်ပေးတယ်။ ငွေကြေး ထောက်ပံ့ပေးတယ်။ ဗုဒ္ဓဘာသာဝင်များအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်အောင် မီးလောင်ရာ လေပင့်ပေးတယ်။ ဓာတ်ဆီဝိုင်းလောင်းပေးကြတယ်။ ရက်စက်ယုတ်မာမှုမှာ သူမတူအောင် နာမည်ကျော်ခဲ့တဲ့ IS အဖွဲ့ဟာ ကမ္ဘာအရပ်ရပ် နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ လူဦးရေဟာ ၂၀၀၀ မကျော်ခဲ့ဘူး။ အခု မြန်မာပြည်တွင်းမှာ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH,NUG, PDF နဲ့ KNU, KIA က ဗုဒ္ဓဘာသာဝင်တွေကို သတ်နေတာ ၃၀၀၀ ကျော်သွားပြီ။ သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင် မပါဘူး။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် မပါဘူး။ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင် သံဃာတော်တွေကိုပဲ ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေဟာ အလွန်အင်မတန် အောက်တန်းကျတဲ့ ဘာသာရေးအမြတ်ထုတ်မှုတွေပါပဲ။
ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်လတ္တံ အရေးအခင်းမှာ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သူတို့တော်လှန်ချင်တဲ့ တပ်မတော်ကို ပစ်မှတ်ထားတိုက်ခိုက်နေတာဆိုရင် တော်လှန်ရေးလို့ ပြောလို့ရပါသေးတယ်။ အခု တပ်မတော်နဲ့ ဘာမှမဆိုင်တဲ့ သံဃာတော်၊ ဆရာ/ဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ အရပ်သားပြည်သူကို အကြောင်းအမျိုးမျိုးပြပြီး သတ်ဖြတ်နေတာ တော်လှန်ရေး မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေကို လူမျိုးတုန်း သတ်ဖြတ်နေခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးနွားတွေကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး အိုအိုင်စီ၊ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတွေအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်တယ်ဆိုတာကို သိရှိနားလည်ကြဖို့ လိုပါပြီ။
ခိုးဝင်ဘင်္ဂလီ ကို ရိုဟင်ဂျာလို့ သမုတ်ပြီး ရိုဟင်ဂျာကို လူမျိုးတုန်း သတ်ဖြတ်ပါတယ်လို့ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးပေါ် စွဲတင်ခဲ့တဲ့ ပြဿနာ အခုထိ ဖြေရှင်းနေရဆဲပါ။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများအပေါ် အိုအိုင်စီ၊ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက NLD အစွန်းရောက် နိုင်ငံရေးနွားတွေကို အသုံးချပြီး လူမျိုးတုန်း သတ်ဖြတ်နေပါတယ်လို့ နိုင်ငံတကာတရားရုံးကို စွဲတင်လို့ မရဘူး။ နိုင်ငံတကာ တရားရုံးဆိုတာ အိုအိုင်စီနဲ့ အမေရိကန်ရဲ့ လက်ခုပ်ထဲက ရေပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ အစိုးရ နဲ့ ကျွန်တော်တို့ ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ IS ထက်ပိုပြီး ဆိုးသွမ်းယုတ်မာ ရက်စက်လာတဲ့ NLD အစွန်းရောက် CRPH, NUG, PDF ကို အမြစ်ဖြတ်နိုင်မှ ဗုဒ္ဓဘာသာမြန်မာ့လူ့အဖွဲ့အစည်း အရှည်တည်တံ့ခိုင်မြဲနိုင်ပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment