MNP - ဇွန် ၂၈
အလုပ်သမားဝန်ကြီးဌာန၊ သထုံခရိုင်လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်၌ထိခိုက်မှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းနှင့် နာရေးစရိတ်ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့၊ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စထာပနာကုမ္ပဏီ၌ ကျင်းပပြုလုပ်သည်။
ရှေးဦစွာ သထုံခရိုင်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာက အကျိုးခံစားခွင့် ထုတ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက လူမှုဖူလုံရေးအဖွဲ့၊ သထုံမြို့၌ မှတ်ပုံတင်ထားသည့် စထပနာကုမ္ပဏီမှ အာမခံအလုပ်သမား ဦးအောင်သီဟ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့ရမှုအတွက် အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၉၀ သိန်းနှင့် နာရေးစရိတ် ၇၆၈၀၀၀၊ စုစုပေါင်း ငွေ ၉၇၆၈၀၀၀ ကျပ်အား ကျန်ရစ်သူ မိသားစုထံ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မောင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဖူလုံရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေမှူးနှင့် ဝန်ထမ်းများ၊ စထပနာကုမ္ပဏီမှဝန်ထမ်းများနှင့် အကျိုးခံစားခွင့်ရရှိသည့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - နဒီ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment