နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် မိုးနှမ်း (၁၀) ဧက စံပြကွက် အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် မိုးနှမ်း (၁၀) ဧက စံပြကွက် အောင်မြင်ဖြစ်ထွန်း

 


MNP - ဇွန်   ၂၈


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် မိုးနှမ်း (၁၀) ဧက စံပြကွက် စိုက်ပျိုးပြီး မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


အဆိုပါ မိုးနှမ်းစံပြကွက်သို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက နှမ်းအထွက်နှုန်း တိုးတက်စေရေးအတွက် အပင်ပြုစုခြင်းလုပ်ငန်းများ၊ သွင်းအားစုထည့်သွင်းခြင်းလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေး တောင်သူပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါနွေစပါးများကို နတ်မောက်မြို့နယ်တွင် မေလ ဒုတိယပတ်တွင်စတင်စိုက်ပျိုးပြီး ဇူလိုင်လနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း နတ်မောက်တစ်မြို့နယ်လုံးတွင် မိုးနှမ်းစိုက်ဧကစုစုပေါင်း (၁၇၇၅၈၉)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


သတင်း - သင်းသင်းမြတ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)