သုံးခွမြို့နယ် ဇောတိကရေတံခါး တည်ဆောက်ပြီးစီးမှုကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ လယ်မြေများ ရေကြီးနစ်မြုပ်မှုမှကာကွယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ် ဇောတိကရေတံခါး တည်ဆောက်ပြီးစီးမှုကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ လယ်မြေများ ရေကြီးနစ်မြုပ်မှုမှကာကွယ်




MNP - ဇွန်   ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဇောတိကကျေးရွာအနီးရှိ ဇောတိကရေတံခါး တည်ဆောက်ပြီးစီးမှုကြောင့် ကျေးရွာနေဒေသခံပြည်သူများ၏ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။


စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဇောတိကရေတံခါးမှာ စီမံကိန်းကာလ  ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စတင်တည်ဆောက်ပြီးစီး ခဲ့ကြောင်းသိရပြီး ရေထိန်းတံခါး၏ အမျိုးအစားမှာ သံကူကွန်ကရစ်တံခါး(၆'×၈')(၅)ပေါက် အရွယ်အစားဖြစ်ပြီး ကုန်ကျငွေကျပ် (၁၆၃၅၉၆၆၀၀၀) ဖြင့် တည်‌ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။


ဇောတိကရေတံခါး တည်ဆောက်ပြီးစီးမှုကြောင့် ဇောတိကချောင်းမှ ဝင်ရောက်လာသောရေငန်များအား တားဆီးပေးခြင်းဖြင့် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်စေခြင်း၊ ရေချိုသိုလှောင်ပေးနိုင်ခြင်း၊ နွေရာသီတွင် ပင်လယ်ဆားငန်ရေ မဝင်ရောက်နိုင် ခြင်းကြောင့် လယ်မြေများအငန်ဓာတ်ပေါက်ခြင်းမှ ကာကွယ်နိုင် မည်ဖြစ်သည့်အပြင် ပင်လယ်နုန်းများ မဝင်ရောက်နိုင်ခြင်းကြောင့် ဇောတိက၊ မှိုကုန်းသာ၊ သမစိတ္တ၊ ထွန်းစိန်၊ သာသာမြိုင်စသည့် ကျေးရွာများရှိ လယ်ယာမြေများ နှစ်စဉ်ရေကြီးနစ်မြုပ်မှု ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်နိုင် ရန်အတွက် တည်ဆောက်ခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းဦးက ပြောကြား သည်။


ယခင်က ရေတံခါးမတည်ဆောက်ခင်ကာလများ၌ ဩဘာညွှန့်ကျေးရွာ၊ ဇောတိကကျေးရွာ၊ သမစိတ္တကျေးရွာ၊ အောင်ပန်းစိန်ကျေးရွာများရှိ လယ်မြေဧက (၁၂၀၀)ခန့်က နှစ်စဉ် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုဇောတိက ရေတံခါးတည်ဆောက်ပြီးနောက် ဇောတိကကျေးရွာ၊ သမစိတ္တကျေးရွာ၊ အောင်ပန်းစိန်ကျေးရွာ၊ ဩဘာညွှန့်ကျေးရွာများရှိ လယ်မြေဧက (၄၀၀၀) ခန့်အား မိုးရာသီအတွင်း ကောင်းစွာ ရေထုတ်နုတ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အပြင် တောင်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသတွင်း ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများပါ ပိုမိုတိုးတက်ဖွံ့ဖြိုး လာမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စည်သူလင်း


မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)