သပိတ်ကျင်းမြို့ ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သပိတ်ကျင်းမြို့ ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံငွေများပေးအပ်

 


MNP - ဇွန်  ၂၈


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းရပ်ရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့နေ့လယ်ပိုင်းက ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သပိတ်ကျင်းမြို့ဆိပ်ကမ်းရပ်ကွက်တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ဘေးရှိ အိမ်ခြေ(၅၇) အိမ်၊ အိမ်ထောင်စု(၅၇)စု၊ လူဦးရေ(၂၉၀)ဦးတို့အား ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆုလှိုင်တင့်တို့မှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ ထောက်ပံ့ငွေ( ၆၀၉၀၀၀)အား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။


အလားတူ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရေဘေးသင့် ပြည်သူ(၅၀၀)ဦးနှင့် အိမ်ထောင်စု(၁၀၆)စုတို့အား ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး (၂၄.၆.၂၀၂၂)နေ့က သဘာဝ ဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများမှထောက်ပံငွေ(၁၀၅၀၀၀၀)ကျပ် အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)