ဟိုပုံးမြို့ရှိ သဘာဝရေထွက် သန့်ရှင်းသာယာလှပရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့ရှိ သဘာဝရေထွက် သန့်ရှင်းသာယာလှပရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပျိုး






MNP - ဇွန်   ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့ဦးသဘာဝရေထွက် သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ရေထွက် ပတ်ဝန်းကျင်စိမ်း လန်းစိုပြေစေရန် သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီက စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြို့ရွာ သန့်ရှင်းသာယာလှပရေးကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိပြီး တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများက ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြို့ဦးသဘာဝ ရေထွက်အတွင်းရှိ ရေညှိရေမှော်များ ဆယ်ယူခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် အမှိုက်များကို ရှင်းလင်းခြင်းနှင့် ရေထွက်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင် စိုက်ပျိုးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတို့က လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး သဘာဝရေထွက်မှ ဟိုပုံးမြို့ရှိဒေသခံ ပြည်သူများ၏ သောက်သုံးရေနှင့် စိုက်ပျိုးရေး အဖြစ် အသုံးပြုလျက် ရှိခြင်းကြောင့် ရေအရင်းအမြစ် ဆုံးရှုံးမှုမဖြစ်စေရန် သစ်တော သစ်ပင်စိုက်ပျိုးခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ဒေသခံပြည်သူများ ပူးပေါင်းကာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - နေမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)