MNP - ဇွန် ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း လားရှိုးမြို့မှ သင်တန်းသူများအား သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးများ၊ မူးယစ်ဆေးနှင့် လူကုန်ကူးမှုအန္တရာယ်တို့၏ ဆောင်ရန်ရှောင်ရန် အချက်များအား Projectorဖြင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ လက်ဆေးဆပ်ပြာဆီများနှင့် အဝတ် Mask များအား ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သတင်း - ဟန်ဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment