မူဆယ်နယ်စပ်နန်းတော်ဂိတ်မှတစ်ဆင့် ပြည်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများအား လက်ခံကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်နယ်စပ်နန်းတော်ဂိတ်မှတစ်ဆင့် ပြည်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများအား လက်ခံကြိုဆို




MNP - ဇွန်   ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်နယ်စပ်နန်းတော်ဂိတ်တွင် ယမန်နေ့နံနက် ၈ နာရီအချိန်က တရုတ်နိုင်ငံဘက်မှ မြန်မာ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများ    ပြန်လည်ဝင်ရောက်ခဲ့ကြောင်း  သိရသည်။


အဆိုပါ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ကျား (၁၉၁)ဦးနှင့် မ(၁၀၉) ဦး စုစုပေါင်း(၃၀၀)ဦးတို့ကို တရုတ်-မြန်မာ နယ်စပ်နန်းတော်ဂိတ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုး၊ မူဆယ်ခရိုင် လဝကဦးစီးမှူး ဦးရဲရင့်ထွန်းနှင့် အဖွဲ့များက လဝကနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် လိုအပ်သည့် အချက်အလက်များကို  စစ်ဆေးခဲ့ကြောင်း၊   သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးက နေရပ်ပြန်လာသူများအား စနစ်တကျလက်ခံပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ အဆင်ပြေအေးချမ်းစွာပြန်နိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း- ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)