အင်းသားတိုင်းရင်းသားရိုးရာဂီတနှင့် အကပညာရပ်များ မှတ်တမ်းတင်ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းသားတိုင်းရင်းသားရိုးရာဂီတနှင့် အကပညာရပ်များ မှတ်တမ်းတင်ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP - ဇွန်    ၁၈


အနုပညာဦးစီးဌာန၊ ယဉ်ကျေးမှုတက္ကသိုလ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းသားတိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကညာရပ်များ ထည့်သွင်းပို့ချနိုင်ရေးအတွက် အဆိုပါ ဂီတနှင့် အကပညာရပ်များအား မှတ်တမ်းတင်ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ညောင်ရွှေမြို့၊ အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်းရုံး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးတက်ထွန်းက အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်ကျော်က အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက သက်ဆိုင်ရာဂီတနှင့် အကပညာရှင်များ၊ လူပုဂ္ဂိုလ်များဖြင့် အဖွဲ့များဖွဲ့စည်းရေး၊ ထည့်သွင်းသင့်သည့် ဂီတနှင့်အကပညာရပ်များ ရွေး ချယ်ရေး၊ နေရာထိုင်ခင်းနှင့် လိုအပ်သည်များ ကြိုတင်စီစဉ်ဆောင်ရွက်ရေးနှင့် အထွေထွေကိစ္စရပ် များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းနှင့် အင်းသားရိုးရာအိုးစည်ကြီးအက၊ တိုက်တေးနှင့် လံစည်အက ပညာရပ်များကို စနစ်တကျ မှတ်တမ်းပြုစု စီစဉ်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - စိုင်းအယ်ဘဲ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)