ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နောင်မွန်းမြို့ရှိ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နောင်မွန်းမြို့ရှိ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 


MNP - ဇွန်   ၁၈


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် အခြေခံပညာအထက်တန်းကျောင်း (နောင်မွန်း)ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ကျောင်းဆရာ/မများနှင့် ဇွန်(၁၆)ရက် နံနက် (၁၀)နာရီက တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။


ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဌာနဆိုင်ရာများ အနေဖြင့် စေတနာ၊ ဝါသနာ၊ မေတ္တာထားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြ‌ရေး၊ ရပ်မိရပ်ဖများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြ‌ရေးတိုက်တွန်းပြောကြားပြီး ရပ်မိရပ်ဖများ၊ ဒေသခံများ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်ခဲ့ကြရာ လိုအပ်ချက်များအပေါ်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပေါင်းစပ်‌ ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် မြို့နယ်အတွင်းရှိ ကျောင်းသူ/သားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းဝင်းအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်  ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၅၄. ၂၈၅)ဖြင့် အရှည်(၁၄၀) ပေ၊ အကျယ်(၃၀)ပေရှိ RCC  နှစ်ထပ်စာသင်ဆောင်သစ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ပြည်သူများ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေနှင့် မြို့နယ်လုံမောင်ခန်းမအတွက် မြေပိုင်ဆိုင်မှုအထောက်အထားရရှိရေး လုပ်ညထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးတင်ပြ ဆောင်ရွက်သွားနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ ခရီးစဉ်အတွင်း  ပြည်နယ်ဝန်ကြီးသည် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ မြို့ပေါ် ရပ်ကွက်ငါးရပ်ကွက်သို့ (150)KVA ဒီဇယ်အင်စက်တစ်လုံး နှင့်အရံအနေဖြင့် 200KVA တစ်လုံး၊100KVAတစ်လုံး တို့ဖြင့်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေ၊ အမှတ်(၁) အခြေခံ ပညာမူလတန်းကျောင်း၌ ကျောင်းသူ/သားများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှု၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသည့်လူနာများအား အားပေးထောက်ပံ့ခြင်း၊ ပြည်နယ် ဝန်ကြီးသည် လမ်းဦးစီးဌာန၏ နောင်မွန်းမြို့တွင်း ကွန်ကရစ်လမ်း တစ်မိုင်ခင်းခြင်းလုပ်ငန်း၊ အမှတ် (၅) ရပ်ကွက် ကဆန်ခချောင်း မြေထိန်းနံရံဆောက်လုပ်ပြီးစီးမှု၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူ မျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နောင်မွန်းလမ်းမကြီးမှ နမ်ပန်းဒမ်းကျေးရွာ အဝင်လမ်း‌ (၁၅၁၅)ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်ပြီးစီးမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထန်ထုကျေးရွာကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့်နေရာနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ထန်ထု-ခူထီလမ်းပိုင်း ကွန်ကရစ်ခုံခံ သံဘောင်ဘေလီတံတား တည်ဆောက်မည့်နေရာ၊ ဘုရင့်နောင်တံတားတည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ယင်းနောက် နောင်မွန်းမြို့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် ဧည့်ရိပ်သာခန်းမ၌ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဝန်ထမ်းရေးရာနှင့် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏  ရှင်းလင်းတင်မှုကို လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)