MNP - ဇွန် ၁၈
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတု ကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူ ပြုနိုင်ရေး၊ အရိပ်အာဝါသနှင့် အပူဒဏ်လျော့ချနိုင်ရေးတို့အတွက် ရည်ရွယ်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာန စီစဉ်ဆောင်ရွက်မှုဖြင့် ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးဝန်းအတွင်း ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပ သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကျော်စိုး၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်စိုးလွင်နှင့် ခရိုင်ရွေးကော်ပွဲကော်မရှင်အရာရှိ ဦးမျိုးမင်းတို့က တက်ရောက်လာသော မြို့နယ်ဌာနဆိုင်ရာ များထံသို့ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ကြသည်။
ထို့နောက် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးဝင်းအတွင်း သတ်မှတ်နေရာအသီးသီးတွင် တပျော်တပါး စိုက်ပျိုးကြသည်။
မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်သို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိများနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တော ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြပြီး ကျွန်းပင် ၁၀၀၊ ပိတောက်ပင် ၁၀၀၊ အင်ကြင်းပင် ၂၀၊ မန်ဂျန်းရှားပင် ၁၀၀ နှင့် မဟော်ဂနီပင် ၂၀ စုစုပေါင်း ၃၄၀ ကို စိုက်ပျိုးကြကြောင်း သိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment