MNP - ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ် အရောင်းဆိုင်၊ မိုဘိုင်းဖုန်းအရောင်းဆိုင်များအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ (ပူးပေါင်းအဖွဲ့) ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာနတို့၏ မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ (ပူးပေါင်းအဖွဲ့) မှ မော်တော်ဆိုင်ကယ် အရောင်းဆိုင်၊ မိုဘိုင်းဖုန်း အရောင်းဆိုင်များအား လုပ်ငန်းလိုင်စင်များ၊ မှတ်ပုံတင်ပြီးစီး မှုဖြင့် ရောင်းဝယ်ခြင်း၊ အခွန်ဆောင်ရွက်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment