မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာန ရုံးCommunity Centre ခန်းမတွင် ကွန်ပျူတာ သင်တန်းဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာန ရုံးCommunity Centre ခန်းမတွင် ကွန်ပျူတာ သင်တန်းဖွင့်ပွဲပြုလုပ်



MNP - ဇွန်   ၁၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက အဖွင့်အမှာစကားပြောကြား၍ သင်တန်းနည်းပြဆရာ ဦးအာကာမျိုးက မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်နန်းမီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းခဲ့ကြောင်းသိရှိရသည်။


ယခုဖွင့်လှစ်သော ကွန်ပျူတာသင်တန်းသည် လူသားအရင်းအမြစ်ဖွံဖြိုးတိုးတက်စေရေး၊ လူငယ်များနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Golden Lotus ကွန်ပျူတာဒါနသင်တန်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများက ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်ထိ လာရောက်သင်ယူခဲ့ကြောင်း သိရှိရသည်။


သတင်း - မနန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)