ထန်းတပင်မြို့နယ်၌ မီးသတ်ဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ မီးသတ်ဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကျင်းပ

MNP - ဇွန်  ၂၈


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ပညာသင် ထောက်ပံ့ပစ္စည်းများပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် အထက်တန်းအဆင့် ကျောင်းသား(၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး စုစုပေါင်း (၁၄)ဦးတို့အား ပညာသင်ထောက်ပံ့ပစ္စည်းများကို မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)