ထန်းတပင်မြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်




MNP - ဇွန်  ၂၈


သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသား များရဲ့ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေး ကိုအထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ၂၀၂၂ ခုနှစ်၊ မေလပိုင်းမှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ကျူတော-မြို့ရှောင်လမ်းတွင်လည်း မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်လမ်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲမစတင်မီ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများထံသို့ စိုက်ပျိုးသွားမည့်ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လွင်ထွန်းက ပေးအပ်ခဲ့သည်။


စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ် ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊  မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ပျဉ်းမ(၃၀)ပင်၊ မအူလက် တံရှည်(၃၀)ပင်၊ မန်ဂျန်ရှား(၂၀)ပင်နှင့် အော်ရီရှား(၂၀)ပင် စုစုပေါင်းပျိုးပင်(၁ဝဝ)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။        


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)