MNP ၊ ဇွန် ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင် ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှဝန်ထမ်းများအား ငွေစာရင်းဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ဇွန်လ ၁၈ ရက်နေ့မှစတင် ကာ “ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း”ကို ဖွင့်လှစ်ပို့ချသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ချစ်ချစ်သန်းက သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့ နောက် ခရိုင်ဦးစီးမှူးက စာရင်းစစ်ကန့်ကွက်ချက်မရှိစေရေး စီမံဆောင်ရွက်မှုနှင့် ငွေစာရင်းလချုပ်များတွင် သတိပြုရမည့်အချက်များ စသည့်အကြောင်းအရာများအားလည်းကောင်း၊ ရမ်းဗြဲမြို့နယ်ဦးစီးအရာရှိ ဦးသိန်း ထွန်းအောင်မှ ဌစ-၁၆ မျိုးတွင် သတိပြုရမည့်အချက်များနှင့် ဌစ စာရင်းများလက်တွေ့ရေးသွင်းနည်းများကို Power Point ဖြင့်လည်းကောင်း၊ စာတွေ့လက်တွေ့ပြသပို့ချရာ ကျောက်ဖြူခရိုင်ရုံးမှ ဦးစီးအရာရှိနှင့် ဝန် ထမ်းများ၊ ရမ်းဗြဲမြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မာန်အောင်မြို့နယ် ဦးစီးအရာရှိနှင့် အမ်းမြို့နယ် ဦးစီးအရာရှိတို့မှ စိတ်ပါဝင်စားစွာဖြင့် တက်ရောက် သင်ယူခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဇွန်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချပြီး သင်တန်းသား၊ သင်တန်းသူ (၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment