ကျိုက်ထို မြို့နယ်ရှိ ရှေးဟောင်းစေတီတော်အား ရွှေထီးတော်တင်လှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထို မြို့နယ်ရှိ ရှေးဟောင်းစေတီတော်အား ရွှေထီးတော်တင်လှူ







MNP ၊ ဇွန် ၂၁

ကျိုက်ထိုမြို့၏ဂုဏ်သရေဆောင်ဆု တောင်းပြည့်ရွှေဘုံသာဝင်းအတွင်းရှေး ဟောင်းစေတီတော်(၄၇)ဆူအနက်ဉာဏ်‌ တော်အမြင့်(၂၇)တောင်ရှိစေတီတော်တစ် ဆူအား သာသနာ‌ တော်နှစ် ၂၅၆၆ ခု ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်  နယုန်လပြည့်ကျော် ၈ ရက် ဇွန်၂၁ ရက်နံနက် ၈ နာရီတွင် အလှူရှင်ဦးမြင့်သိန်း +ဒေါ်ခင်လှ(စက်သုံးဆီနှင့်ဆန်ရောင်းဝယ်ရေး)မိသားစုမှ မူလအလှူရှင်များအားရည်စူးအမှူးထား၍ အသစ်မွန်းမံပြုပြင်၍ ရွှေထီးတော်တင်လှူပွဲမင်္ဂလာအခမ်းအနားကိုကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မြို့မရမ်းချို အောင်သစ္စာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒောဘာသဘိဝံသ(၁၁)ဘွဲ့ရဆရာတော်မှ (၉)ပါးသီလ ချီးမြှင့်ပြီးအနုမောဒနာတရား ဟောကြားကာ ပရိတ်တရားတော်များချီးမြှင့်၍လှူဒါန်းမှုအစုစုတို့အား ရေစက် သွန်းချအမျှပေးဝေခဲ့သည်။

ယင်းနောက်အလှူရှင်မိသားစု များမှ ရွှေထီးတော်အားဗောဓိကိုးထောင်အောင် သပြေကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တပဏ္ဏိစ္စနှင့်မြို့မရမ်းချိုအောင်သစ္စာကျောင်းတိုက်ပဓာနနာယကဘဒ္ဒန္တနန္ဒောဘာသဘိဝံသ(၁၁)

ဘွဲ့ရဆရာတော်တို့ထံကပ်လှူပြီးဆရာတော်များထံမှပြန်လည်ပင့် ဆောင်ကာ စေတီတော်အားလင်္ကျာရစ်(၃)ပတ်လှည့်လည်အပူဇော်ခံ၍ ယာယီစံကျောင်းတွင်ခေတ္တအပူဇော်ခံခဲ့သည်။

ဆက်လက်ပြီး  ရွှေထီးတော်အား လက်ဆင့်ကမ်းသယ်ဆောင်ကာ တင်လှူပူဇော်ခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာ တော်အရှင်သူမြတ်များကစေတီတော်အားဘုရားအနေ ကဇာတင်ပူဇော်ပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ရွှေထီးတော်တင်လှူပြီး အခမ်း အနားကိုရုတ်သိမ်းခဲ့သည်။

အဆိုပါထီးတော်တင် အခမ်းအနားသို့ ဗောဓိကိုးထောင် အောင်သပြေကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တပဏ္ဏိစ္စ၊ မြို့မရမ်းချို အောင်သစ္စာကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တနန္ဒောဘာသဘိဝံသ(၁၁)ဘွဲ့ရဆရာတော်နှင့်ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)