ဘူးသီးတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ


MNP ၊  ဇွန် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြို မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယမန့်နေ့ နံနက်၁၁ နာရီအချိန်တွင် ကျင်းပသည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်ခင်စောမိုးက Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး  မူးယစ်ဆေးဝါး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဘိန်းဖြူးဆေးထိုးမှုကြောင့် ဖြစ်စေတတ်သော ရောဂါများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးအန္တရယ်တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်းပြောကြားပြီးရုပ်သံကျွမ်းကျင်-၃ဒေါ်ခင်ခင်အေးက မူးယစ်ဆေးစွဲလန်းမှု ဖြစ်ပေါ်ရသည့်အကြောင်း အရာများ၊ မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ နည်းစေရန်ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ပြန်လည်ထူထောင်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြကြောင်းသိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုမူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို Online အသိပညာပေး Facebook Pageတွက် ထုတ်လွှင့်ပေးလျက်ရှိပြီး အများ ပြည်သူဗဟုသတရရှိစေသော အစီအစဉ်များကို ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လှကျော်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)