မိုးစပါး မျိုးစေ့ချကရိယာ(Seeder)ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးစပါး မျိုးစေ့ချကရိယာ(Seeder)ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြပွဲကျင်းပ



MNP - ဇွန်   ၂၀


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး မျိုးစေ့ချ ကရိယာ(Seeder)ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ကွင်းလက်တွေ့ သရုပ်ပြစိုက်ပျိုးခြင်းအား အမှတ်-၁ က တုတ်ဘုရားကြီး ပညာပေးစခန်းနယ်မြေ အတွင်းယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။


အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်း အကြောင်းအရင်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး ဆည်ရေရရှိသော ဒေသများတွင် တနှစ်သုံးသီး (မိုးစပါး+ပဲတီစိမ်း+နွေစပါး) တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပါသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်သိန်းနိုင်က တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းများဖြစ်သည့် အခြောက်သမန်းတွင်ကြဲခြင်း အစိုသမန်းတွင်ကြဲခြင်းနှင့် မျိုးစေ့ချ ကရိယာ(Seeder)ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းတို့၏ အားသာချက် အားနည်းချက်တို့အား တောင်သူဦးကြီးများ၏ လက်တွေ့လုပ်ငန်းခွင်နှင့်နှိုင်း၍အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ပြီး အစိုသမန်းပြင်တွင် မျိုးစေ့ချကရိယာ(Seeder) ဖြင့်တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)