ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ U -19 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ U -19 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

 


MNP  - ဇွန်   ၁၇


၂၀၂၂ ခုနှစ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ U -19 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် ကျောက်ဖြူခရိုင်အသင်းနှင့် သံတွဲခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သံတွဲခရိုင်အသင်းက ကျောက်ဖြူခရိုင် အသင်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအား ကစားသမားဆု များကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ငွေသားဆု သုံးသောင်းကျပ်နှင့် ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်နယ်စီးပွားရေးရာ ဝန်ကြီးက ဒုတိယဆုရရှိသော ကျောက်ဖြူခရိုင်အသင်းမှ အားကစားသမားများအားလည်ဆွဲ ဆုတံဆိပ် နှင့် ငွေသားဆုကျပ် (၇၀၀၀၀၀) သိန်းအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပထမဆုရရှိသော သံတွဲခရိုင်အသင်းမှ အားကစားသမားများ အား လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁၀၀၀၀၀၀) သိန်းအားလည်းကောင်း ပေးအပ်ချီးမြှင့်ပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပထမဆုရရှိသော သံတွဲခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့သည်။


၂၀၂၂ ခုနှစ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ U -19 အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၆ ရက်နေ့ထိကျင်းပခဲ့ ပြည်နယ်အတွင်းရှိ ခရိုင် (၅) ခရိုင်မှ ဘောလုံးအသင်း (၅) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)