မွန်ပြည်နယ်တွင် (၂၃)ကြိမ် မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်တွင် (၂၃)ကြိမ် မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP - ဇူလိုင်  ၂၃


မွန်ပြည်နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် (၂၁)ရက် နေ့လယ်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးခင်မောင်ဦး၊ တိုင်းရင်းသား ရိုးရာအကဲဖြတ်လုပ်ငန်းကော်မတီဝင်များ၊ပြည်နယ်/မြို့နယ်အဆင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များတက်ရောက်သည်။  


ရှေးဦးစွာ စီးပွားရေးရာ ဝန် ကြီးက (၂၃) ကြိမ်မြောက် အဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မွန်တိုင်းရင်းသား ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ် (သို့မဟုတ်) စက်တင်ဘာလ ပထမအပတ်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်၏ ထူးခြားချက် အနေဖြင့် မွန်ရိုးရာယိမ်း အကအား ဗဟိုအဆင့်တွင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးမှ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးကြိုတင်ပြင်ဆင်နိုင်ရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်တွင်လိုအပ်သော ပံ့ပိုးမှုများပေးနိုင်ရန် မြို့နယ်အဆင့်၊ ပြည်နယ် အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့များထံ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ရန် လက်ဆင့် ကမ်းနိုင်ရန်စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။ ဆက်လက်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်တိုင်းရင်းသား ရေးရာဝန်ကြီးမှ ယခုနှစ် ကျင်းပမည့် တိုင်းရင်းသား အဆို၊အက၊ အရေး၊ အတီး ခေါင်းစဉ်များအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ မွန်ရိုးရာအကကို ဗဟိုအဆင့်တွင်လည်းယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် မွန်တိုင်း ရင်းသားလူမျိုးများအတွက် ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊တိုင်းဒေသကြီး/ပြည်နယ်များသို့ နည်းပြများစေလွှတ်နိုင်ရန် သင်တန်းများပို့ချပြီးဖြစ်ပါကြောင်း၊ မိမိတို့ရိုးရာယဉ်ကျေးမှုအတွက် ပညာရှင်များ၊ ဝါသနာရှင်များ ပူးပေါင်းကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်ပြောကြား သည်။ ထို့နောက် တိုင်းရင်းသား ရိုးရာအကဲဖြတ်လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သံယောဇဉ်မိုးမှ ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲများ၊သီချင်းခေါင်း စဉ်သတ်မှတ်ချက်၊ ဝတ်စား ဆင်ယင်မှုသတ်မှတ်ချက်၊ ပြိုင်ပွဲဝင်စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ကော် မတီဝင်များနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှသိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)